| Term | Definition |
|---|---|
| အသေးစားရေအားလျှပ်စစ် |
အသေးစားရေအားလျှပ်စစ် (SHP) ကို သေးငယ်သော မြစ်ချောင်းများ၊ အလယ်အလတ်နှင့် အကြီးစား မြစ်များမှ ထုတ် ယူရရှိနိုင်သည်။ ၄င်းသည် စွမ်းအင်ထုတ်လုပ်ရရှိရန် သဘာဝပတ်ဝန်းကျင်အရ မထိခိုက်သော လုပ်ဆောင်မှုတ ရပ်ဖြစ်သည်။ စွမ်းအား ၁၀ မီဂ္ဂ၀ပ်အောက် နည်းသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအဖြစ် သတ်မှတ်ထားသော အသေး စားရေးအားလျှပ်စစ်စီမံကိန်း (SHP) သည် ဝေးလံသည့် အရပ်ဒေသများတွင် လိုအပ်သည့် စွမ်းအင်များကို ပေးနိုင်ပြီး အနုတ်လက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှု အနိမ့်ဆုံးဖြစ်သ်ည။ အသေးစား ရေအားလျှပ်စစ်စနစ်တွင် ရေသည် ရေလမ်းကြောင်းမှတဆင့် ရေတွန်းအားဖြင့် လည်ပတ်သော စက်ဆီသို့ လမ်းကြောင်းလွှဲပြီး ထိုကဲ့သို့ ၀င်လာသော ရေတွန်းအားဖြင့် (ရေဒလက်) စက်ကို မောင်းနှင်လည်ပတ်စေသည်။ လည်ပတ်နေသော မောင်းတံသည် လျှပ်စစ်စွမ်းအင်သို့ ပြောင်းလဲထုတ်လုပ်သော စက်နှင့် ဆက်သွယ်ထားသည်။ ထိုလျှပ်စစ်ဓာတ်အားထုတ်သည့် စက်သည် ကြီးမားသော ဆည်များ၊ ရေလှောင်တမံများ တည်ဆောက်ရန် မလိုအပ် သောကြောင့် သစ် တောများ၊ လယ်ယာမြေများ ရေလွှမ်းမိုးမှုနှင့် ဒေသခံများ ရွှေ့ပြောင်းခံရမှုများ ရှိတော့မည်မဟုတ်ချေ။ |