Home ထုတ်ပြန်ကြေညာချက် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ထုတ်ပြန်ကြေညာချက်
မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ထုတ်ပြန်ကြေညာချက် PDF Print Email
ထုတ်ပြန်ကြေညာချက်များ
By: ECDF   

နေ့စွဲ   ။ ဧပြီလ (၁ဝ) ရက်၊ ၂ဝ၁၂ ခုနှစ်

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို တိုးမြှင့်လုပ်ဆောင်နိုင်ရန် နိုင်ငံတကာအလှူရှင်များသည် လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီများ အရေးတကြီးတိုးမြင့် ပြင်ဆင်လာကြသည်နှင့်အမျှ ယခုလိုအရေးကြီးသည့်အချိန်၌ မိမိတို့အနေဖြင့် နယ်စွန်နယ်ဖျားတွင် လစ်လျူရှုခံရသူများနှင့် အားအင်ချိနဲ့သူများအတွက် ပံ့ပိုးကူညီနေသည့် နယ်စပ်-ဖြတ်ကျော်ကူညီထောက်ပံ့မှုများ ကန့်သတ်လျှော့ချလာခြင်း (သို့မဟုတ်) ဖြတ်တောက်လာခြင်းအပေါ်များစွာ စိုးရိမ်ပူပန်မိကြပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သီးခြားစွာ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်များဆောင်ရွက်နေသော်လည်း ကချင်လွပ်လပ်ရေးအဖွဲ့(ကေအိုင်အို) နှင့် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ထောင်သောင်းနှင့်ချီသော ပြည်သူများ ပြည်တွင်းနှင့်ပြည်ပဒေသများတွင် အသစ်ထပ်မံ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။ အချို့သော တိုင်းရင်းသားအဖွဲ့အစည်းများနှင့်အဆင့်တချို့သာ သဘောတူညီချက်များရရှိထားနေကြသော်လည်း လက်ရှိ စစ်တပ် ကျောထောက်နောက်ခံပြုသည့် ဦးသိန်းစိန်အစိုးရ၏လက်ထဲတွင် လယ်ယာမြေသိမ်းဆီးမှု၊ အဓမ္မပြောင်းရွှေ့မှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ သွားလာရေးချုပ်ချယ်ကန့်သတ်မှု၊ မုဒိန်းပြုကျင့်မှုနှင့် ခြိမ်းခြောက်မှု စသည့် လူ့အခွင့်အရေးချိုးဖေါက်မှုများ တိုင်းရင်းသားနယ်မြေများအတွင်းတွင် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။

အစိုးရ၏ရည်ရွယ်ချက်သည် တိုင်းပြည်အတွင်း တိုင်းရင်းသားအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရယူတည်ဆောက်ပြီး တိုင်းပြည်ငြိမ်းချမ်းရေးကို ဆက်လက်မြင့်တင်လုပ်ဆောင်ခြင်းထက် တိုင်းပြည်၏မဟာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများသာ  ဦးစွာပြုလုပ်လိုသည်ကို ရှင်းလင်းစွာ ရည်ရွယ်ထားသည်။ အထူးသဖြင့် အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်းကြီးများအား စွမ်းအင်လောင်စာ ထုတ်လုပ်မှုအခန်းကဏ္ဍတွင် စီမံကိန်းရေးဆွဲခြင်း နှင့် စီမံကိန်းအကောင်အထည်ဖေါ်ခြင်းသည် တိုင်းရင်းသားနယ်မြေအတွင်းရှိ ဒေသခံလူထုများအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုနှင့် ဆက်စပ်သည့် စီမံကိန်းများ ဦးတည်ဖေါ်ဆောင်နေကြသည်။ လက်ရှိအကောင်အထည်ဖေါ်နေသော စီမံကိန်းများသည် နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိခြင်းကြောင့် သဘာဝပါတ်ဝန်းကျင်ထိခိုက်နစ်နာမှုများ၊ လူမှုရေးဆိုင်ရာထိခိုက်နစ်နာမှုများအတွက် ကာကွယ်တားဆီးနိုင်ခြင်းမရှိဘဲ ပြည်တွင်းဒုက္ခသည် နှင့် ပြည်တွင်းဌါနေမဲ့သူများကိုသာ ပိုမိုပေါ်ပေါက်လာစေမည်သာဖြစ်သည်။

၂ဝ၁၂ ခုနှစ်၊ ဧပြီလ (၆) ရက်မှ (၇) ရက်နေ့အထိ၊ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် မြန်မာနိုင်ငံရှိ လူထုအခြေပြုအဖွဲ့အစည်းပေါင်း (၃၆)ဖွဲ့မှ စုစည်းတွေ့ဆုံပြီး အထက်ပါပြဿနာများအပေါ် ဆွေးနွေးတိုင်ပင်ကြကာ အောက်ဖေါ်ပြပါမူဝါဒချမှတ်ခြင်းဆိုင်ရာ အကြံပြုတင်ပြချက်များကို သဘောတူဆုံးဖြတ်ခဲ့ကြသည်။

၁။       လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီထောက်ပံ့မှုသည် ငြိမ်းချမ်းရေး၊ တရားမျှတရေး နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို မြင့်တင်ပေးရန်လိုပြီး၊ အထက်ပါကူညီထောက်ပံ့မှုများသည် လူထုကို သွေးခွဲစေခြင်း နှင့် ပြဿနာများကို ဖန်တီးစေခြင်း မဖြစ်သင့်ပါ။

၂။ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီထောက်ပံ့မှုများသည် အထူးစီးပွားရေးဇုံတည်ဆောက်ရေးနှင့် အကြီးစားစီးပွားရေးလုပ်ငန်းအကျိုးအမြတ်ဖြစ်ထွန်းရန်အတွက် ဆက်စပ်အသုံးပြုခြင်း မဖြစ်ရန်လိုအပ်ပြီး ဒုက္ခသည်နှင့် ပြည်တွင်းဌါနေမဲ့သူများ မိမိဆန္ဒမပါဘဲ နေရပ်ပြန်လည်ပို့ဆောင်ရေးအတွက် ဖိအားပေးရန်အသုံးချခြင်းနှင့် မဟာစီမံကိန်းများအတွက်အသုံးချ၍ လူထုအားလုပ်အားပေးခိုင်းစေခြင်းအတွက် မဖြစ်သင့်ပါ။

၃။       အနာဂါတ် ငြိမ်းချမ်းရေးကိုမြှင့်တင်ရန် ရည်ရွယ်သော မည်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် ဖွံ့ဖြိုးရေးအကူအညီမဆို ပွင့်လင်းမြင်သာမှုရှိရန်လိုပြီး အားလုံးပါဝင်သော လုပ်ငန်းမဟာဗျူဟာရေးဆွဲရာတွင် ကဏ္ဍအားလုံးမှ လူထုအခြေပြုအဖွဲ့အစည်းများပါဝင်ကာ ကဏ္ဍအားလုံးအကြား ငြိမ်းချမ်းမှုကို ဖြစ်ပေါ်စေရန် သေချာစေရမည်။

၎။       အလျူရှင်များအနေဖြင့် တိုင်းရင်းသားပြည်သူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရာတွင် “ထိခိုက်နစ်နာမှု” မလုပ်မိစေရေးအတွက် သေချာမှုရှိရန်လိုအပ်သည့်အပြင် ထောက်ပံ့ပေးသော အကူအညီများကို တိုင်းရင်းသားများ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်အတွင်း အသုံးချရန် ဖိအားပေးခြင်းမပြုလုပ်သင့်ပါ။

၅။       ပဋိပက္ခဖြစ်ပွားသည့်နယ်မြေဒေသများအတွင်း အရေးတကြီး လိုအပ်သော နယ်စပ်ဖြတ်ကျော်ပြီး အကူအညီပေးသည့် လူသားခြင်းစာနာထောက်ထားမှုအကူအညီများကို အလျူရှင်များမှ ဆက်လက်ကူညီးထောက်ပံ့သွားသင့်သည်။

၆။       ဖွံ့ဖြိုးရေးအကူအညီသည် အကြီးစား အဆောက်အဦးတည်ဆောက်ရေးဆိုင်ရာဖွံ့ဖြိုးရေးထက် လူသားရင်းမြစ်ဖွံ့ဖြိုးရေးနှင့် အခြေခံလူထုစွမ်းရည်မြင့်တင်ရေးလုပ်ငန်းများကို ဦးစားပေးသင့်သည်။

၇။       ပဋိပက္ခဖြေရှင်း၍မရသေးသည့် မြန်မာနိုင်ငံနေရာဒေသများတွင် အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်းကြီးများကို အကောင်အထည်မဖေါ်သင့်ချေ၊ ထိုစီမံကိန်းများသည်အနာဂါတ်တွင် ပြဿနာကို ပို၍ကြီးထွားလာစေမည်ဖြစ်သည်။

၈။       မြန်မာနိုင်ငံတွင် “စစ်မှန်သော နိုင်ငံရေးဖြေရှင်းချက်ကိုအခြေခံသည့် ငြိမ်းချမ်းရေး” မတည်ဆောက်နိုင်သေးသ၍ စီးပွားရေးပိတ်ဆို့မှုများ မရုပ်သိမ်းသင့်ချေ။

၉။       နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့များမှ မြန်မာနိုင်ငံအတွင်း မည်သည့် အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းများမဆို ရင်းနှီးမြုပ်နှံလိုလျှင် ပွင့်လင်းမြင်သာမှု နှင့် တာဝန်ယူမှုရှိရန်လိုပြီး ထိုစီမံကိန်းအတွက် ဆုံးဖြတ်ချက်ချမှတ်ရာတွင် သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းအားလုံး၊ ကဏ္ဍအားလုံးမှ လူထုအခြေပြုအဖွဲ့အစည်းများ နှင့် ထိခိုက်မှုခံရမည့်ဒေသခံလူထုများပါဝင်ဆုံးဖြတ်ကြရမည်။

၁ဝ။     လူထုအခြေပြုအဖွဲ့အစည်းများအနေဖြင့် မိမိတို့နယ်မြေအသီးသီးရှိလူထုအကြား လုပ်ငန်းများလုပ်ဆောင်ရာတွင် ချုပ်ချယ်ကန့်သတ်မှုကင်းစွာဖြင့် လုပ်ငန်းများလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိရမည်။

ပါဝင်ထောက်ခံသည့်အဖွဲ့စည်းများ

  1. Ethnic Community Development Forum (ECDF)
  2. Forum for Community Organization-Burma (FCO-B)
  3. Burma Rivers Network (BRN)
  4. Backpack Health Worker Team (BPHWT)
  5. Burma Medical Association (BMA)
  6. National Health and Education Committee (NHEC)
  7. All Arakan Students’ and Youths’ Congress (AASYC)
  8. Chin Human Rights Organization (CHRO)
  9. Human Rights Foundation of Monland (HURFOM)
  10. Kachin Development Network Group (KDNG)
  11. Kachin Women’s Association Thailand (KWAT)
  12. Karen Environmental and Social Action Network (KESAN)
  13. Karen Department of Health and Welfare (KDHW),
  14. Karen Office of Relief and Development (KORD)
  15. Karen Women Organization (KWO)
  16. Karenni Education Department (KnED)
  17. Karenni Mobile Medical Team (KMMT)
  18. Karenni Social Welfare and Development Centre (KSWDC)
  19. Karenni Women Organization (KNWO)
  20. Karenni Youth Organization (KnYO)
  21. Lahu National Development Organization (LNDO)
  22. Mon Relief and Development Committee (MRDC)
  23. Mae Tao Clinic (MTC)
  24. Mon Youth Progressive Organization (MYPO)
  25. Network for Environmental and Economic Development (NEED-Burma)
  26. Network for Chin Community Development (NCCD)
  27. Pa-Oh Youth Organization (PYO)
  28. Shan Education Committee (SEC)
  29. Shan Health Committee (SHC)
  30. Shan Relief and Development Committee (SRDC)
  31. Shan Sapawa Environmental Organization (Sapawa)
  32. Shan Women’s Action Network (SWAN)
  33. Shan Youth Power (SYP)
  34. Ta’ang Students and Youth Organization (TSYO)
  35. Tin Tad Clinic (TTC-Shan)

Contacts: စိုင်းခေဆိုင်၊    ၊ ၀၈၁ ၆၇၂၂၀၃၁ ၊ နိုင်ငံတကာဖုန်းခေါ် +၆၆ ၈၁၆၇၂၂၀၃၁ ။

            ဆိုင်းမိုင်း   ၊     ၊ ၀၈၂ ၃၉၁၃၃၂၅

 အီးမေးလ်လိပ်စာ      ၊     ၊ This e-mail address is being protected from spambots. You need JavaScript enabled to view it

 

 

 

Share this post