|
ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့၏ ထုတ်ပြန်ကြေညာချက်
ယမန်နှစ်အတွင်း သမ္မတကြီး ဦးသိန်းစိန်မှ မြစ်ဆုံဆည်ကိစ္စ ဆိုင်းငံ့ထားခဲ့ချိန်မှ စပြီး စီမံကိန်းအတွက် ရွေ့ပြောင်းခံခဲ့ရသော ရွာသားများသည် ၄င်းတို့၏ မူလကျေးရွာဟောင်းများသို့ ပြန်လည်နေထိုင်ကြရန် ခွင့်ပြုခြင်း မခံကြရသေးပေ။ ထိုသို့ တားမြစ်ထားသော်လည်း ရွေ့ပြောင်းခံခဲ့ရသော ရွာသားများသည် ဧရာဝတီဆည်များ အပြီးအပိုင် ရုတ်သိမ်းရေးနှင့် ၄င်းတို့အား ရွှေ့ပြောင်းခိုင်းခြင်းအတွက် ကြောက်ရွံ့မှု မရှိစေပဲ နေရပ်တွင် တရားဝင် ပြန်လည်နေထိုင်ခွင့် ပြုရေးအတွက် တောင်းဆိုရန် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် နေရပ်သို့ ပြန်ခဲ့ကြသည်။
မြစ်ဆုံနယ်နိမိတ်တွင် နေထိုင်သူ ရွာသားများသည် မြစ်ဆုံဒေသတွင် ကျင်းပသော အခမ်းအနားအတွက် ၈၈ မျိုးဆက် ကျောင်းသားများ၊ အနုပညာရှင်များနှင့် သတင်းသမားများကို တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။ အခမ်းအနား ကျင်းပစဉ်အတွင်း ရိုမန်ကတ်သလစ်နှင့် နှစ်ခြင်း ဘုရားကျောင်းများမှ အသင်းသားများသည် ၄င်းတို့၏ အရေးပါသောနေရာများကို ဆည်ဆောက်လုပ်မည့် စီမံကိန်းဘေးမှာ ကာကွယ်ရန် ဧရာဝတီမြစ်ထဲမှ ကျောက်ခဲများအား ကောက်ယူစုဆောင်းပြီး ကျောက်နံရံများ တည်ဆောက်ခြင်းကို လုပ်ဆောင် ခဲ့ကြသည်။ ဘုရားကျောင်းမှ အသင်းသားများသည်
ဆည်စီမံကိန်းအတွက် ရွေ့ပြောင်းပေးရန် ဖိအားပေးစေခိုင်းခြင်း ခံခဲ့ရသည့် ရွာ ငါးရွာထဲမှ သုံးရွာ (တောင်ဘန်၊ မဇွပ်၊ လဖဲ့) မှာ မြေထိုးစက်များဖြင့် ထိုးကော် ဖျက်ဆီးခြင်းအတိ ခံခဲ့ကြရသည်။ တန်ဖရဲ တွင်မူ ကျောင်းများနှင့် လိမ္မော်ခြံများအပါအ၀င် အများပိုင် အဆောက်အဦများ အားလုံးတို့အား ပြည်သူများ နေရပ်သို့ ပြန်မည့် အရေး စိတ်ဓာတ် ကျဆင်းစေရန် အလို့ငှာ အဖျက်ဆီး ခံခဲ့ရသည်။ ထိုသို့ ဖျက်ဆီးသော်ငြားလည်း ရွာသားအချို့သည် ရွေ့ပြောင်း စခန်းများသို့ ပြောင်းရွှေ့ရသည့် အရေးနှင့် ၄င်းတို့၏ မူလ ကျေးရွာများတွင်သာ နေထိုင်နိုင်ရေးတို့အတွက် ဆက်လက် တော်လှန်ခဲ့ကြသည်။
မြစ်ဆုံစီမံကိန်းမှာ ဆက်လက် လုပ်ဆောင်နေသည်- ၀ိုင်းမော်မြို့နယ်ရှိ နောင်ချိန်း ကျေးရွာတွင် လျှပ်စစ် ထရန်စဖော်မာ တစ်ခု ဆောက်လုပ်ခြင်းပင် ဖြစ်သည်။ CPI ကုမ္ပဏီ အလုပ်သမားများသည်လည်း မြစ်ကြီးနားရှိ ဆည်ဆောက်လုပ်ရေးခွင်ထဲတွင် ရှိနေဆဲ ဖြစ်ပြီး ပစ္စည်းကိရိယာများလည်း ဆောက်လုပ်ရေး ခွင်ထဲ၌ ကျန်ရှိနေဆဲ ဖြစ်သည်။ ဆည် (၇) ခု သို့ သယ်ယူပို့ဆောင်ရေး အထောက်အကူ ရရှိစေရန်အတွက် လမ်းများ တံတားများ ဆောက်လုပ်ခြင်း လုပ်ငန်းများကိုလည်း ဆက်လက် လုပ်ဆောင်လျက် ရှိသည်။
မြစ်ဆုံရေကာတာ် ကဲ့သို့ပင် ဧရာဝတီမြစ်ကြီးကို ထိခိုက်နိုင်သည့်အပြင် ပြည်သူများအား ရေစုန် မျောစေမည့် မေခ မေလိခမြစ်ပေါ်ရှိ အခြားသော ဆည် (၆) ခု ဆောက်လုပ်ရေး အစီအစဉ်ကိုမူ သမ္မတကြီးက ဖော်ပြခဲ့ခြင်း မရှိပေ။ ရွှေတူးဖော်ရေးလုပ်ငန်းနှင့် သစ်ထုတ်လုပ်မှုလုပ်ငန်းများကိုပါ မြစ်ဆုံအထက်ပိုင်းတါင် လုပ်ကိုင်နေကြသည်။ ယင်းကဲ့သို့ ဖျက်လိုဖျက်ဆီး လုပ်ဆောင်မှုများသည်လည်း ဧရာဝတီမြစ်၏ အနာဂတ်ကို ခြိမ်းခြောက်နေသည်။
“ဒီလိုအခြေအနေမျိုးမှာ ဧရာဝတီမြစ်ကြီးဟာ လုံခြုံမှု ရှိသွားပြီလို့ ကျွန်တော်တို့အားလုံး ထင်လိုက်ကြလို့ မဖြစ်ဘူး။ တည်ဆောက်မယ့် ဆည်စီမံကိန်းအားလုံးကနေ ဧရာဝတီမြစ်ကြီးကို ကျွန်တော်တို့ ဆက်လက် ကာကွယ်သွားရမှာပဲ။ နောက်ပြီး ရွေ့ပြောင်းခဲ့ရတဲ့ ဒေသခံတွေ အန္တရာယ်ကင်းကင်းနဲ့ နေရပ်ကို သေချာပေါက် ပြန်နိုင်အောင်လည်း လုပ်ရမယ်” ဟု ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့မှ စားဂျီး က ပြောကြားခဲ့သည်။
အာဏာပိုင်များက ၂၀၁၀ မှစ၍ မြစ်ဆုံဆည် ရေလွှမ်းမိုးမည့် နေရာများမှ ရွာ ငါးရွာအား ရွှေ့ပြောင်းရေး စခန်းများသို့ ပြောင်းရွှေ့ကြရန် ဖိအားပေးခဲ့ကြသည်။ ထိုသို့ ရွေ့ပြောင်းခံရသော ရွာသားများသည် ထို ရွှေ့ပြောင်းစခန်းများတွင် နေထိုင်ရခြင်းကြောင့် အဓိကအားဖြင့် ကိုယ်ပိုင်မြေ မရှိခြင်းနှင့် ဘ၀ရှင်သန်မှု အဓိပ္ပါယ်မရှိခြင်း ဟူသော အခက်အခဲများကို ရင်ဆိုင်နေကြရသည်။ရွှေ့ပြောင်းစခန်းများတွင် ပေးထားသော အိမ်များမှာ အရည်အသွေးညံ့ပြီး အလွန်နည်းပါးသော လျော်ကြေးပမာဏသာ ရရှိကြသည်။ အချို့သောသူတို့မှာမူ စားဝတ်နေရေးအတွက် အလုပ်ရှာရန် အလို့ငှာထို ရွှေ့ပြောင်းရေး စခန်းများကို စွန့်ခွာကုန်ကြရသည်။
ဆက်သွယ်ရန် - စားဂျီး - +66 884154386
Website: www.kdng.org, Email:
This e-mail address is being protected from spambots. You need JavaScript enabled to view it
|