Home ထုတ်ပြန်ကြေညာချက် ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့၏ ထုတ်ပြန်ကြေညာချက်
ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့၏ ထုတ်ပြန်ကြေညာချက် PDF Print Email
By: ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့   
သောကြာနေ့၊ အောက်တိုဘာလ 21 ရက်၊ 2011 ခုနှစ်

မြန်မာ့သတ္တုတွင်းဝန်ကြီးဌာနသည် ပြည်သူလူထုများ၏ ဧရာဝတီကာကွယ်ရေးတောင်းဆို မှုများကို လျစ်လျူရှု၍ မြစ်ဆုံဒေသအတွင်း ရွှေတူးဖော်မှုများ လုပ်ဆောင်နေသည်။

မြန်မာနိုင်ငံ သမ္မတကြီးသည် "ပြည်သူလူထုဆန္ဒ" ကြောင့်ဟုဆိုကာ မြစ်ဆုံဆည်ကို ဆိုင်းငံ့တော့မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် အာဏာ ပိုင်များသည် ဆည်စီမံကိန်းဒေသ၌ ကြီးမားကျယ်ပြန့်သည့် အစိုးရပိုင် ရွှေတူးဖော်ရေး လုပ်ဆောင်ရန်အတွက် ဒေသခံပြည်သူများကို အတင်းအကြပ် နေရာပြောင်းရွှေ့ရန် အမိန့်ပေးခဲ့ကြသည်။

ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့သည် မြစ်ကြီးနားအာဏာပိုင်များမှ အောက်တိုဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် အမိန့်များနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ရရှိထားပြီဖြစ်သည်။ အာဏာပိုင်များ ထုတ်ပြန်ထားသည့် အမိန့်အရ မြစ်ဆုံဒေသတွင် တည်ရှိသော တန်ဖရဲ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ၊ ပုဂ္ဂလိကတူးဖော်ရေး လုပ်သူများနှင့် ဆိုင်ပိုင်ရှင်များကို ၅ ရက်အတွင်း နေရာမှ အပြီးရွှေ့ပေးရမည်ဖြစ်ပြီး အကယ်၍ နေရာမှ မပြောင်းရွှေ့ပေးလျှင် "ဥပေဒအရ ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူခံရမည်" ဖြစ်သည်။

သတ္တုတူးဖော်ရေးဝန်ကြီးဌာန အမှတ် ၂ နှင့် ခါကာဘိုသတ္တုတူးဖော်ရေး ကုမ္ပဏီတို့၏ အကျိုးတူဖက်စပ်လုပ်ငန်းမှ မြစ်ကမ်းများကို ဖောက်ခွဲတူးဖော်ရန်၊ မြေများတူး ဖော်ရန်နှင့် ဧရာဝတီမြစ်အတွင်း အဖိုးတန်ရွှေများ ရှာဖွေနိုင်ရန်အတွက် ထိုအမိန့်မှ လမ်းကြောင်းများ ရှင်းလင်းပေးသည်။ အမိန့်အရ ထိုမြစ်ဆုံဒေသအတွင်း၌် ကုမ္ပဏီမှ အမှုထမ်းများသာ လုပ်ပိုင်ခွင့်ရှိသည်။

အများအားဖြင့် ပြဒါးနှင့်ဆိုင်ယာနိုဒ်(cyanide) ကို အသုံးပြု၍ စည်းကမ်းမဲ့ ရွှေတူးဖော်ခြင်းသည် ကချင် ပြည်နယ်ရှိ မြစ်များနှင့် မြေယာများကို နှစ်ပေါင်းများစွာ ကတည်းက ဖျက်စီးခဲ့သည်။ ထို့သို့ လုပ်ဆောင်မှုကြောင့် ကချင်ပြည်နယ်အတွင်း စိုးရိမ်ဖွယ် မြစ်ကြောင်းပြောင်းလဲမှုများနှင့် အဆိပ်ပြန့်ပွားမှုများကို ဖြစ်ပေါ်စေခဲ့သည်။ မြစ်ဆုံဒေသရှိ စီမံကိန်းများ လုပ်ဆောင်ခြင်း သည် မြစ်ဆုံဒေသ၏ အလှတရားများကို ဖျက်စီးနေသည့်အပြင် ဧရာဝတီမြစ်ကြောင်း စနစ်ကို တိုက်ရိုက် ထိခိုက်ညစ်ညမ်းစေပြီး မြစ်အောက်ပိုင်းဒေသတွင်း နေထိုင်ကြသော လူမှုပတ်ဝန်းကျင်များကိုလည်း ဆိုးကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်။

"တဖက်မှာ အစိုးရက ဧရာဝတီကို ချစ်တယ်လို့ ပြောတယ်နေပေမယ့် တဖက်မှာတော့ ဧရာဝတီမြစ်ကြီး မြစ်ဖျားခံတဲ့နေရာမှာ မြစ်ကို အဆိပ်သင့်အောင် လုပ်နေပါတယ်" ဟု ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့မှ အနန်မှ ပြောည်။

မြစ်ဆုံဒေသရှိ Tang Hpre ရွာမှ ပြည်သူများသည် ဧရာဝတီမြစ်နှင့် ၄င်း၏ မြစ်လက်တက် များပေါ်တွင် ကြီးမားသည် ဆည်များတည်ဆောက်ရေးစီမံကိန်းကို ၂၀၀၆ ခုနှစ်၌ စတင် ကြေညာချိန်မှစ၍ မြစ်ဆုံဒေသအား ဖျက်စီးနေမှုအပေါ် ကန့်ကွက်ခုခံခဲ့ကြသည်။

ဆည်စီမံကိန်းများကို ဆန့်ကျင်အံတုခဲ့ကြသည့် ဒေသခံ ပြည်သူများ၏ ကြိုးပမ်းအားထုတ် မှုများကို "ရေဖုံးလွှမ်းမှုကို ခုခံတွန်းလှန်ခြင်း"ဆိုသည့် အစီရင်ခံစာတွင် မှတ်တမ်းတင်ပြု စုထား ပါသည်။ ထိုအစီရင်ခံစာကို www.kdng.org တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။

ဆက်သွယ်ရန်- အနန် (+၆၆-၈၄၈၈၅၄၁၅၄)
အီးမေးလ် - This e-mail address is being protected from spambots. You need JavaScript enabled to view it

Share this post