Home သတ္တုတူးဖော်ခြင်း ရွှေတူးဖော်ခြင်း
ရွှေတူးဖော်ခြင်းလုပ်ငန်း

နောက်ခံသမိုင်းကြောင်း

၁၉၉၀ ခုနှစ်လည်ပိုင်းမှစ၍ ရွှေတူးဖော်ရေးလုပ်ငန်းများ လျှင်မြန်စွာ ကျယ်ပြန့်လုပ်ဆောင် လာမှုကြောင့် ရွှေတူးဖော်ခြင်းသည် ကချင်ပြည်နယ်တွင် ရွှေတူးဖော်ရေးသည် ဆွေးနွေး ဖွယ်ရာ အကြောင်းအရာတခု ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ ဒေသခံပြည်သူများသည် မိရိုးဖလာ အသေးစားရွှေကျင်လုပ်ငန်းလုပ်ကိုင်ရာမှ အကြီးစားရွှေတူးခြင်း လုပ်ငန်းများ ဝင်ရောက်အစားထိုးလာခြင်းကြောင့် ဆိုးဆိုးရွားရွားပျက်စီးမှုများ ဖြစ်ပေါ်လာသည်။ ရွှေတူးဖော်သည့်ကုမ္ပဏီများသည် အဓိကကျသော မြစ်ကြောင်း တလျှောက်နှင့် ရွှေမြေစာ များ တွေ့ရှိ ရသော ကုန်မြင့်ပိုင်းများတွင် တူးဖော်ရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။

မိမိတို့၏ ၂၀၀၆ ခုနှစ် သုတေသနမှတ်တမ်းအရ ဟူးကောင်းကျားထိန်းသိမ်းရေးဒေသသည် စစ်အစိုး ထိန်းချုပ်မှုအောက်သို့ရောက်ရှိသွားသည့်အချိန်မှစ၍ ရွှေတူးဖော်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် မက္ကနစ်ရေပိုက်သုံး ရေးအားသုံးစက်ကြီးများနှင့် တောင်တူးစက်များ ပါဝင်သည့် စက်လုံးရေ ၁၀၀ ခန့် တွေ့ရှိခဲ့ပြီး ထိုလုပ်ငန်းမှ အဆိပ်ဖြစ်စေသော ပြဒါး(မာကျူရီ) စွန့်ပစ်မှုများကို တွေ့ရသည်။ ထိုသို့လုပ်ဆောင်မှုများကို ယနေ့ထိတိုင် လုပ်ဆောင်နေဆဲပင်ဖြစ်သည်။ ဧရာဝတီမြစ်ပေါ်တွင် ဆောက် လုပ်မည့် ရေကာတာစီမံကိန်းများကြောင့် လတ်တလောတွင် ထိုရွှေတူးဖော်ခြင်းလုပ်ငန်းသည် အင်မိုင်ခ၊ မလိခ နှင့် ဧရာဝတီမြစ်ကြောင်းတလျှောက်တွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်။

နောက်ဆုံးပြင်ဆင်သည့်နေ့။ ။ တနင်္ဂနွေနေ့၊ ဒီဇင်ဘာလ 04 ရက်၊ 2011 ခုနှစ်
 
စိုးရိမ်ချက်များ

လူမှုရေးရာ စိုးရိမ်းချက်များ

ရွှေတူးဖော်ခြင်းလုပ်ငန်းခွင်တွင် လူငယ်လူရွယ်များ၏ လုပ်ငန်းအခြေအနေသည် ပိုမိုဆိုးရွားလာသည့်အပြင်၊ လူငယ်များစိတ်ဓါတ်ကျခြင်းများကြောင့် မူးယစ်ဆေးဝါး သုံးဆွဲမှုများလာသည်နှင့် အမျှ ဒေသခံ အာဏပိုင် များသည်လည်း တဖက်လှည့်၍ မူးယစ်ဆေးဝါး ကူးသန်းရောင်သူများအား ရွှေတူးဖော်ရေး နယ်မြေများသို့ ရောင်ဝယ်ဖောက်ကာ သူများကို ဝင်ရောက်လုပ်ကိုင်ခွင့် ပေးထားသည်။ အိမ်ထောင်သည် အမျိုးသားများနှင့် လူငယ်လူရွယ်များသည်လည်း သူတို့၏ ဇနီးမယားများနှင့် မိသားစုကို ချန်ထားပြီး ရွှေတူးဖော်ရေး လုပ်ငန်းသို့ သွားရောက် လုပ်ကိုင်ကြရပြီး၊ ယင်းအခြေအနေများသည် လိင်ဖျော်ဖြေရေး လုပ်ငန်း ပိုမိုကြီးထွားလာအောင် တွန်းပို့နေသည်။ ထိုကဲ့သို့ စိတ်ဓာတ်ကျ စိုးရိမ်ကြောင့်ကျမှုများ ရှိခြင်းသည် လောင်းကစားရုံများ ပိုမိုကျယ်ပြန့်လာမှုကို တွန်းအားပေးပြီး ထိုလုပ်ငန်းမှလည်း အာဏာပိုင်များသာ အကျိုးအမြတ်များ၊ အာဏာများ ပိုမိုရရှိလာကြသည်။ အထက်ပါ လုပ်ငန်များသည် လူမှုရေးဆိုင်ရာ ပြသနာများဖြစ်သော မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် HIV/AIDS ဖြစ်ပွားမှုကို ဆိုးဆိုးရွားရွား ဖြစ်စေသည်။ ဒေသခံအာဏာပိုင်များသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူးများ၊ ပွဲစားများ နှင့်လောင်းကစားရုံ များတွင် ငွေကောက်ခံ ရယူခြင်းသည် အထက်ပါ လူမှုပြသနာများကို ဖြေရှင်းနိုင်ရန် အတွက် ပိုမိုအလှမ်းဝေးစေသည်။ တချိန်တည်းမှာပင် ထိုကဲ့သို့ တရားမ၀င်သော လုပ်ဆောင်မှုများကို အရေးယူအပြစ်ပေးသည့်အခါတွင်လည်း အသေးစား လုပ်ဆောင်သူများသာ အဖမ်းခံကြရသည်။

ရွှေတူးသမားများဟာ လုပ်ငန်းခွင်တွင် မတောတဆထိခိုက်ဒဏ်ရာရရှိမှု နှင့် သေဆုံးခြင်းစသည်ဖြစ်ရပ်များဖြစ်ပေါ်လာပါကလည်း အရေးယူလုပ်ဆောင်ပေးခြင်းနှင့် လျော်ကြေးများ လုံးဝမရရှိပဲ အသက်အန္တရာယ်ခြိမ်းခြောက်မှု အောက်တွင် အကာအကွယ်မဲ့စွာဖြင့် လုပ်ကိုင်နေကြရသည်။

အမျိုးသမီးနှင့်ကလေးငယ်များအပေါ် ဆိုးကျိုးသက်ရောက်မှုများ

ရွှေတူးဖော်ခြင်းလုပ်ငန်းများတွင် အသုံးပြုသော စက်သုံးဆီများ၊ ဓါတုပစ္စည်းများကြောင့် မြစ်ချောင်းများသည် ကြည်လင် သန့်ရှင်းမှုလုံးဝမရှိပဲ စိမ်းပုတ်ပုတ်၊ ဝါကျင့်ကျင့် အရောင်အဖြစ်သို့ ပြောင်းလဲကာ ပုပ်နံ့များ ထွက်နေသည်။ ရွှေတူးသမားများသည် ယင်းကဲ့သို့သော အဆိပ်ဖြစ်ပြီး ညစ်ညမ်း နေသော မြစ်ချောင်းများတွင် လုပ်ကိုင်ရရုံ သာမက သောက်သုံးကြရသည်။ လူထုများသည်လည်း ညစ်ညမ်းသော မြစ်ချောင်းများတွင် ရေချိုးခြင်း၊ အဝတ်လျှော်ခြင်းနှင့် ကလေးသူငယ်များ ရေဆော့ ကစားခြင်းသည်လည်း အလွန်ပင် အန္တရာယ် များလှသည်။ ရေထုညစ်ညမ်းခြင်းသည် အနာရောဂါ များဖြစ်စေသည့်အပြင်၊  ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက်  မီးဖွားရာတွင်လည်း ကိုယ်လက် အင်္ဂါချို့တဲ့သည့် ကလေးများ မွေးဖွား စေသည်။ အစိုးရ၏ ဆေးဝါး ထောက်ပံ့ ကုသမှုသည်လည်း မရှိသလောက်ပင် ဖြစ်သည်။

များသောအားဖြင့် ရွှေတူးဖော်ရေးလုပ်ငန်း အသစ်လုပ်ပြီဆိုလျှင် ယင်းနေရာများတွင် မြေယာ သိမ်းဆည်းမှုများနှင့် အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းခြင်းများ ဖြစ်လေ့ရှိသည်။ ကျေးလက်နေ ကလေးများသည် မကြာခဏ ပြောင်းရွှေ့ နေထိုင်ရမှုကြောင့် ကျောင်းပညာသင်ကြားခွင့် မရကြပေ။ သစ်တောအုပ်များနှင့် တောင်ယာ၊ ခြံမြေများသည် ရွှေတွင်းများ၏ ဝါးမျိုးခြင်းခံရသည့်အပြင် တောအုပ်နှင့် တောတောင်ကို မှီတင်းလုပ်ကိုင် စားသောက်ကြသော အမျိုးသမီးများအတွက် သောက်သုံးရေခပ်ခြင်း၊ ထင်းရှာခြင်း၊ ဟင်းသီးဟင်းရွက်ရှာခြင်းနှင့် သဘာဝ တိုင်းရင်းဆေးများ ရှာဖွေခြင်းများ လုပ်ဆောင်ရန် ပိုမိုခက်ခဲလာရသည်။ ၄င်းတို့၏ အသက်မွေဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံးရသောကြောင့် ရွှေ့ပြောင်း အလုပ်လုပ်ခြင်းနှင့် လူကုန်ကူးခံရမှုမှာလည်း ပိုမိုဖြစ်နိုင်ချေ များလာသည်။

သဘာဝပတ်ဝန်းကျင် စိုးရိမ်ဖွယ်ရာများ

ရွှေတူးဖော်ခြင်းလုပ်ငန်းများ၏ မသင့်လျော်သောကျင့်သုံးမှုများကြောင့် မြေတိုက်စားခြင်းများ မကြာခဏမြေပြိုခြင်းများ၊ ရေလွမ်းမိုးခြင်းများ၊ ရေထု၊ လေထုညစ်ညမ်းခြင်းများနှင့် အခြားသော သဘာဝပတ်ဝန်းဆိုင်ရာ ပျက်စီးမှုများကိုဖြစ်စေသည်။ မြစ်ချောင်းများသည် ရွှေကျင်သော နေရာများကို စီးဖြတ်သွားပြီးနောက်ပိုင်းတွင် ရေထုညစ်ညမ်းလာပြီး ရွှေကျင်ပြီးသော မြေဇာ၊ နှုန်းမြေများစုပုံကာ မြစ်ချောင်းသည် ဝါကျင့်ကျင့်အရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး အနံအသက်များထွက်လာပါတော့သည်။

ကချင်ပြည်နယ်တွင်းရှိ ရွှေတူးဖော်ရေး လုပ်ငန်းများတွင် ရွှေကျင်ရန် (သို့) စုရန်အတွက် ပြဒါး (ခေါ်) မာကျူရီကို အသုံးပြုကြသည်။ ရွှေတူးသမားများဟာ အဝတ်စတွင် ရွှေအင်စာနှင့် ပြဒါးကို လက်ဖြင့် သမမွှေပြီး ရွှေကို စုကြပြီး ကျန်ရှိနေသေးသော ပြဒါးနှင့် မြေစာ များကို မြစ်ချောင်း တွင်းသို့ သွန်ပစ်လေ့ရှိသည်။ ယင်းကဲ့သို့ လုပ်ဆောင်မှုများတွင် အချို့ပြဒါးများမှာ မြစ်ချောင်းများ အတိုင်း မျောပါသွားနိုင်သလို အချို့မှာမူ ပြဒါးကို ပြန်လည်အသုံးပြုရန်အတွက် စုဆောင်းကြသည်၊ ကျန်ရှိနေသေးသော ပြဒါး များမှာ လေထုထဲတွင် အငွေ့အဖြစ်သို့  ပြန့်နှံ့ သွားကြသည်။ ရွှေတူးဖော်ပြီးသောနေရာ များနှင့် မြစ်ချောင်းများအတွင်းသို့  ဓါတ်ပြုပြီးသော ပြဒါးများသည် နှုန်းမြေများနှင့်အတူ ကျန်ရစ်နေလေ့ ရှိသည်။

 

နောက်ဆုံးပြင်ဆင်သည့်နေ့။ ။ တနင်္လာနေ့၊ ဒီဇင်ဘာလ 05 ရက်၊ 2011 ခုနှစ်
 
အဖြေရှာခြင်း
  •  ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံဖြိုးရေးစီမံကိန်းများအတွက် ဒီမိုကရေသစ်အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှု၊ အခွင့်အရေးဆိုင်ရာများကို အသိအမှတ် ပြုရေးနှင့် တရားမျှတရေးများ မရှိသေးသည့်တိုင်အောင် အကြီးစာတူးဖော်ရေး စီမံကိန်း ရင်းနှီးမြုပ်နှံမှုများကို ရပ်တန့်ပေးရန်။ ရွှေတူးဖော်ရေး နေရာများတွင် ပုံမှန်မဟုတ်ပဲ အဆိပ်ဖြစ်စေသောပြဒါးများကို အသုံးပြု စွန့်ပစ်ခြင်းများကို အစိုးရအနေဖြင့် တရားဥပေဒအရ တားမြစ်ပြဌာန်းပေးရန်။
  • ဒီမိုကရေသစ်အစိုးရမှ အခြားနည်းလမ်းများဖြင့် ရေရှည် တည်တံ့ခံခိုင်မြဲသည့် တူးဖော်ရေး ဆိုင်ရာ ပေါ်လစီများ ချမှတ်ပေးရန်။ မြန်မာနိုင်ငံတွင် ဒေသခံပြည်သူများ လုပ်ကိုင်နေကြသော မိရိုးဖလာ အသေးစားရွှေတူးဖော်ခြင်းလုပ်ငန်းသည် သဘာဝပတ်ဝန်း ကျင်ပျက်စီးမှု အနိမ့်ဆုံးဖြစ်သည်။ အကြီးစားရွှေတူးဖော်ခြင်းလုပ်ငန်းများသည် ပိုမိုပျက်စီးဆုံးရှုံးမှုဖြစ်စေသောကြောင့် အထက်ပါ မိရိုးဖလာ အသေးစားရွှေတူးဖော်ခြင်း ကိုသာ ခွင့်ပြုသင့်သည်။
  • ရွှေတူးဖော်ခြင်းကြောင့် ပျက်စီးသွားနေရာ၊ မြစ်ချောင်းများ ကို ပြန်လည် မွန်းမံရန်နှင့် ဒေသခံပြည်သူများ၏ ဆုံးရှုံးသွားသော မြေယာခြံမြေများအတွက် လုံလောက်ပြည့်မီသော လျော်ကြေးများပေးဆောင်းခြင်း လုပ်ငန်းစဉ်များကို လုပ်ဆောင်ရန်။
နောက်ဆုံးပြင်ဆင်သည့်နေ့။ ။ တနင်္လာနေ့၊ ဒီဇင်ဘာလ 05 ရက်၊ 2011 ခုနှစ်
 
ဓါတ်ပုံ

နောက်ဆုံးပြင်ဆင်သည့်နေ့။ ။ တနင်္လာနေ့၊ ဒီဇင်ဘာလ 05 ရက်၊ 2011 ခုနှစ်