ဒါးပိန်ဆည်စီမံကိန်းများ

နောက်ခံသမိုင်းကြောင်း

အစိုးရပိုင် တရုတ်ဒါတန်းကုမ္ပဏီသည် တရုတ်နယ်စပ်ရှိ ဒါပိန်မြစ်ပေါ်တွင် ဆည်ခုနှစ်ခု တည်ဆောက်ရန် အတွက် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။ ဒါပိန်ရေအားလျှပ်စစ် စီမံကိန်း အမှတ်(၁) ဆောက်လုပ်ရေးကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၁၉ရက်နေ့တွင် စတင်လုပ်ဆောင်၍ ၂၀၁၁ဖေဖော်ဝါရီလတွင် ပြီးစီးခဲ့ပြီး လျှပ်စစ်ဓါတ်အားများ စတင်ပေးခဲ့သည်။ ၂၀၀၆ ခုနှစ် မြန်မာ့သတင်းများအရ ဒါပိန်ရေအားလျှပ်စစ် စီမံကိန်း အမှတ်(၁)၏ ကုန်ကျစရိတ် စုစုပေါင်းမှ ယွင်သန်းပေါင်း ၁၀၈သန်းခန့် ရှိသည်ဟု ခန့်မှန်းထားသည်။ ဒါတန်းကုမ္ပဏီ အဆိုအရ ဆည်များမှ ရရှိမည့် ၉၀ ရာခိုင်နှုန်းသော စွမ်းအင်မှာ တရုတ်နိုင်ငံအတွက်ဖြစ်သည်။

နောက်ဆုံးပြင်ဆင်သည့်နေ့။ ။ တနင်္လာနေ့၊ ဒီဇင်ဘာလ 05 ရက်၊ 2011 ခုနှစ်
 
ပါဝင်သည့်ကုမ္ပဏီများ

တရုတ်

  • တရုတ်ဒါတန်းကော်ပိုရေးရှင်း (China Datang Corporation)
  • တရုတ်နိုင်ငံအလယ်ပိုင်း လျှပ်စစ်ဓါတ်အားကွန်ယက်ကုမ္ပဏီ (Central China Power Grid Company)
  • ဆိုင်နိုဟိုက်ဒရို (Sinohydro)
  • တရုတ်နိုင် အလယ်ပိုင်း နိုင်ငံတကာလျှပ်စစ်ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ (Central China Power International Trade Company)
  • ဂျန်ဇီး ရေးအရင်းအမြစ်နေရာချထားရေးနှင့် ဒီဇိုင်းအဖွဲ့အစည်း (Jiangxi Water Resources Planing and Design Institute)


မြန်မာ

  • မြန်မာနိုင်လျှပ်စစ်စွမ်းအား ကော်ပိုရေးရှင်း (Myanmar Electric Power Enterprise)
  • မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန
နောက်ဆုံးပြင်ဆင်သည့်နေ့။ ။ တနင်္လာနေ့၊ ဒီဇင်ဘာလ 05 ရက်၊ 2011 ခုနှစ်
 
စိုးရိမ်ချက်များ

ဒါပိန်းဆည်တည်တောက်ရေး လုပ်ငန်းခွင်မှာ လုံခြုံရေးအတွက် မြန်မာစစ်တပ်မှ စစ်သားများ ပို့ဆောင်ပြီး လုံခြုံရေးချထားခဲ့သည်။ ထိုအခြေအနေကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် သဘောထား ပိုမိုတင်းမာခဲ့သည့်အပြင် ၂၀၁၁ ခုနှစ် ဇွန်လ ၉ရက်နေ့တွင် မြန်စစ်တပ်နှင့် ကချင် လွတ်မြောက်ရေးတပ်ကြား တိုက်ပွဲများ စတင်ဖြစ်ပွါးခဲ့သည်။ တိုက်ပွဲများကြောင့် ဒေသခံ ၃၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ခန့်မှန်းခြေ တရုတ် အလုပ်သမား ၃၀၀ ခန့်မှာ တိုက်ပွဲများအကြား ပိတ်မိနေခဲ့သော်လည်း နောက်ဆုံးတွင် တရုတ်နိုင်ငံသို့ ပြန်နိုင်ခဲ့သည်။ တိုက်ပွဲကာလအတွင်း ဒါပိန် ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်း၏ ဆက်သွယ်ရေးလမ်းကြောင်းများ ပျက်စီးခဲ့ပြီး လျှပ်စစ်လမ်းမကြောင်းလည်း ပိတ်ခဲ့ရသည်။

နောက်ဆုံးပြင်ဆင်သည့်နေ့။ ။ တနင်္လာနေ့၊ ဒီဇင်ဘာလ 05 ရက်၊ 2011 ခုနှစ်
 
အဖြေရှာခြင်း

ဆည်၏ ဆိုးကျိုးသက်ရောက်မှုများကို ထိခိုက်ခံစားရသည့် ဒေသခံပြည်သူများ အနေဖြင့် ၎င်းတို့နယ်မြေရှိ သယံဇာတ အရင်းအမြစ်များနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချသည့်နေရာများတွင် စစ်မှန်သည့် ပါဝင်မှုမရှိမချင်း ကြီးမားသည့် ဆည်များတည်ဆောက်မှုကို ရပ်တန့်ရန်လိုအပ်ပါသည်။

နောက်ဆုံးပြင်ဆင်သည့်နေ့။ ။ တနင်္လာနေ့၊ ဒီဇင်ဘာလ 05 ရက်၊ 2011 ခုနှစ်
 
ဓါတ်ပုံ

နောက်ဆုံးပြင်ဆင်သည့်နေ့။ ။ တနင်္လာနေ့၊ ဒီဇင်ဘာလ 05 ရက်၊ 2011 ခုနှစ်
 

Share this post